Friday, January 22, 2010

JUNTA JET CRASHES IN RANGOON


ရန်ကုန်လေဆိပ်မှာ ယနေ့ မနက် (၆) နာရီ (၄၀) မိနစ်ခန့် က ဂျက်တိုက်လေယာဉ် F7 Fighter ပျက်ကျသွားပါတယ်။

တရုတ်လုပ် ဂျက်တိုက်လေယာဉ် F7 Fighter အမျိုးအစားဟာ ရန်ကုန်လေဆိပ်အဆင်းမှာ ပျက်ကြသွားတာဖြစ်ကြောင်းနဲ့  ပျက်ကျရခြင်း အကြောင်းရင်းကိုတော့ မသိရသေးပါဖူး။

ဒီလေယာဉ်အမျိုးအစားဟာ တစ်ယောက်မောင်း တိုက်လေယာဉ်အမျိုးအစား ဖြစ်ပါတယ်။

ရန်ကုန်လေဆိပ်က တာဝန်ရှိသူတစ်ဦးပြောတာကတော့ ဒီလေယာဉ်ကို လေ့ကျင့်မောင်းနှင်နေစဉ် လေဆိပ်ကို ပြန်အဆင်းမှာ ဖြစ်တာလို့  ပြောပြပါတယ်။ ပိုင်းလော့ ပြည့်ဖြိုးမျိုး သေဆုံးသွားကြောင်း သိရပါတယ်။

သုံးသပ်သူတစ်ဦးပြောတာကတော့ ဒီ ပျက်ကျတဲ့လေယာဉ်ဟာ နအဖကနေ တရုတ်ထံကနေ ၀ယ်ယူခဲ့တဲ့ အစီး (၃၆) စီးထဲက တစ်စီး ဖြစ်နိုင်တယ်လို့  ပြောဆိုသုံးသပ်ပါတယ်။

ဒီလို ဂျက်တိုက်လေယာဉ်ပျက်ကြခဲ့ဖူးတာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ တုန်းကလည်း မန္တလေးလေဆိပ်မှာ လေယာဉ်ကွင်းကနေ ပျံတက်စမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုဘဲ အသက် (၂၉) နှစ်အရွယ် လေယာဉ်မှူး သေဆုံးခဲ့ရပါတယ်။

နအဖဟာ လေယာဉ်တွေဝယ်ဖို့ လောက်ဘဲ သိပြီး လေယာဉ်တွေအကြောင်း၊ လေယာဉ်ထိန်းသိမ်းမှုနည်းစနစ်၊ လေယာဉ်ကွင်းနဲ့  လေယာဉ်ပြေးလမ်း အဆင့်အတန်း၊ လေယာဉ်မောင်းနည်းပညာနဲ့  လေယာဉ်မှူးတွေ ပြည်စုံစွာ လိုအပ်တဲ့ လေကျင့်သင်ကြားမှုနည်းပညာတွေကို မသိနားမလည် မဆောင်ရွက်တာကြောင့် မြန်မာပြည်မှာ ခရီးသည်လေယာဉ်တွေတင်မက အခုလို စစ်လေယာဉ်တွေပါ ပျက်ကျမှုတွေ ဖြစ်ရတာပါ။ နှမျောစရာကတော့ လေယာဉ်ပျက်ကျလို့  မသေသင့်ဘဲ သေဆုံးကြရတဲ့ လေယာဉ်မှူးတွေနဲ့  ခရီးသည်တွေပါဘဲ။ လေယာဉ်ပျက်ကျမှုတွေကိုလည်း တိကျခိုင်လုံတဲ့သတင်းတွေ ထုပ်ပြန်ပြီး ပြည်သူလူထုကို အသိပေးမယ် သတိပေးမယ်ဆိုတာထက် သတင်းအမှောင်ချပြီး သူတို့ ပေါ့ဆမှုတွေကို ညံ့ဖျင်းမှုတွေကို ဖုံးကွယ်ဖို့ သာ ဦးစားပေးလေ့ရှိပါတယ်။ ယ္ခုနှစ်အစပိုင်းမှာပဲ မြန်မာစစ်အာဏာရှင်က ရုရှားမှ အမ်အိုင်ဂျီ(29) ဂျက်တိုက်လေယာဉ် အစီးပေါင်း (20)ကို ထပ်မံဝယ်ယူဖို့ အမေရိကန်ဒေါ်လာ 572.2 သန်းဖိုး စာချုပ် ချုပ်ဆိုထားပြီးဖြစ်ပါကြောင်း
(အောင်နိုင်ထွေး) 88 ပြည်ပ
Myanmar fighter aircraft crashes
A Chinese-made fighter jet crashed and caught fire during a training flight in army-ruled Myanmar yesterday, killing the pilot, witnesses said. The crash was one of at least 10 fatal accidents involving military aircraft in Myanmar since 1999.

The single-seat F-7 supersonic jet crashed at the Mingaladon Airbase in Yangon, after the landing gear failed and the pilot was unable to eject. Little is known about the size of the secretive country’s air force, but it is widely believed to have several squadrons of ageing Chinese fighter jets, most following designs based on Russian-made MiGs. A Moscow newspaper reported in December that Myanmar had agreed to buy 20 MiG-29 fighter jets from Russia for $572.2mn.

1 comment:

KYAW MIN said...

Buying alot of fighter plane? what for ?? ...to run away when US Fighter plane comming to Burma?Yeah.