Friday, May 14, 2010

WATER CALAMITY IN BURMA BY MISGOVERNING SYSTEM


နအဖအာဏာရူးတွေဟာ ပြည်သူတွေအတွက် သောက်သုံးရေကန်တွေကြတော့ မတည်ဆောက်၊ နိုင်ငံခြားကို လျှပ်စစ်ဓါတ်အားရောင်းစားဖို့ ကြတော့ ရေလှောင်ကန်တွေ အတင်းဆောက်။

ပြည်သူတွေအတွက် ရေပေးဝေရေး အဆင်ပြေဖို့  ရေပိုက်လိုင်းတွေကြတော့ မတည်ဆောက်၊ နိုင်ငံခြားကို ဓါတ်ငွေ့ ရောင်းစားဖို့  ကြတော့ ဓါတ်ငွေ့ ပိုက်တွေ မဟားဒယားဆောက်။

ပြည်သူတွေအတွက် မြစ်ချောင်းအင်းအိုင်ကရေတွေ သန့် စင်ပေးပြီး သောက်သုံးရေစီမံကိန်းတွေကြတော့ မဆောင်ရွက်၊ မြေအောက်လိုဏ်ခေါင်းတွေကြတော့ တူးပြီး ညူကလီးယား စီမံကိန်းတွေကြတော့ ဆောင်ရွက်။

ပြည်သူတွေ ရာသီဥတု မျှမျှတတနေထိုင်နိုင်အောင် သဘာဝတောတောင်ရေမြေတွေကို ထိန်းသိမ်းတာမျိုးကြတော့ မလုပ်၊ နိုင်ငံခြားငွေရဖို့ အတွက် ရောင်းစားဖို့ ကြတော့ သစ်တောတွေ စိတ်ကြိုက် ခုတ် ဆိုတော့ အခုနွေရာသီအချိန် အပူပြင်းတာနဲ့  ရင်ဆိုင်ရချိန်မှာတော့ တွင်းရေတွေ ခန်းခြောက်တာကအစ မြစ်ချောင်းအင်းအိုင်တွေကအထိ ရေတွေ တိမ်ကောကုန်တာ ပိုဖြစ်တော့တာပါဘဲ။

ဒီအတွက် မြန်မာပြည်မှာ သောက်ဖို့  ရေ မရှိ၊ သုံးစွဲဖို့  ရေ မရှိ၊ စိုက်ပျိုးရေးဆောင်ရွက်ဖို့  ရေ မရှိ၊ မီးလောင်ရင် ဖြန်းဖို့  ရေ မရှိ။

ပြည်သူတွေရဲ့  အခြေခံ စားဝတ်နေရေးအတွက် ပြည့်စုံအောင် မလုပ်ပေးတဲ့ မလုပ်နိုင်ဘဲ တိုင်းပြည်ကို အုပ်ချူပ်နေရင်တော့ ပြည်သူတွေအတွက် တစ်နေ့ စားဖို့  ထမင်း၊ တစ်မနက်သောက်ဖို့  ရေ ဘယ်တော့မှ ပြည့်စုံမယ်ဆိုတာ ရှိမှာမဟုတ်ပါဖူး။

ပြောရဦးမယ့် အခြားအချက်တစ်ခုကတော့ နအဖသန်းရွှေတို့ ကတော့ နာဂစ်ဘေးကြုံတုန်းကလည်း နိုင်ငံတကာက အလှူငွေတွေ ရက်ရက်ရောရောရလိုက်လို့  နာဂစ်ကို ကျေးဇူးတင်နေသလို အခုလည်း ရေပြဿနာကြုံနေတာကို ဘန်းပြပြီး နိုင်ငံတကာက အလှူငွေတွေ တောင်းဖို့  ကြံစီနေပြီထင်ပါရဲ့ ။
ရေအသက် တစ်မနက်တဲ့။ ပြည်သူများ ရေငတ်ခြင်း ရေပြတ်ခြင်းဘေးမှ ကင်းလွတ်ကြပါစေလို့  ဆုတောင်းလိုက်ရပါတယ်။ ဒီဆုတောင်းပြည့်ဖို့ ကတော့ တိုင်းပြည်မှာ အရည်အချင်းရှိရှိ ဥာဏ်ပညာအမြော်အမြင်ရှိရှိ တရားမျှတမှုရှိရှိ တိုင်းသူပြည်သားများအကျိုးကို ဆောင်ရွက်ပေးလိုသောစိတ်ရှိရှိနဲ့  ပြည်သူ့ အစိုးရမျိုး ပေါ်ပေါက်မှသာလျှင် ဆုတောင်းပြည့်မှာပါ။

မြစ်ချောင်းအင်းအိုင်ပေါများလှတဲ့ မြန်မာပြည်မှာ ပြည်သူတွေ ရေငတ်ဘေး ကြုံနေရတာ ပူပြင်းတဲ့ ရာသီဥတုကြောင့်ဆိုတာထက် သောက်ရေသုံးရေ စီမံကိန်းတွေ၊ ရေလှောင်တာတမံ စီမံကိန်းတွေ၊ ရေပေးဝေရေး စီမံကိန်းတွေကို ကြိုတင်စီမံဆောင်ရွက်မှုမရှိဘဲ လစ်လျူရှူပစ်ပယ်ထားတဲ့ နအဖအာဏာရူးတွေ တိုင်းပြည်ကို အုပ်ချူပ်နေတဲ့ နှစ်ပေါင်းကြာ ဖြစ်နေတာရဲ့  ဆိုးကျိုးတွေကို ပြည်သူတွေ လက်တွေ့ ကြုံရတာပါဘဲ။

ပြည်သူတွေ နှစ်ကြာရှည်စွာ သောက်ရေသုံးရေ ပြတ်လတ်နေချိန်မှာ နအဖ သန်းရွှေတို့  အာဏာရူး ဗိုလ်ချူပ်ကြီးများတော့ စည်းစိမ်ခံပြီး ရေမီးအပြည့်အစုံနဲ့  နန်းတော်ဆံဆံ တိုက်အိမ်ယာတွေမှာ နေကြ၊ စားသောက်ကြတော့လည်း ရေသန့် ဗူးက ရေကိုမှ သောက်သုံးကြဆိုတော့ နှိုင်းယှဉ်ကြည့်နိုင်ဖို့  ဖေါ်ပြလိုက်ရပါတယ်။
ရေအသက် တစ်မနက်တဲ့။ ပြည်သူများ ရေငတ်ခြင်း ရေပြတ်ခြင်းဘေးမှ ကင်းလွတ်ကြပါစေလို့  ဆုတောင်းလိုက်ရပါတယ်။ ဒီဆုတောင်းပြည့်ဖို့ ကတော့ တိုင်းပြည်မှာ အရည်အချင်းရှိရှိ ဥာဏ်ပညာအမြော်အမြင်ရှိရှိ တရားမျှတမှုရှိရှိ တိုင်းသူပြည်သားများအကျိုးကို ဆောင်ရွက်ပေးလိုသောစိတ်ရှိရှိနဲ့  ပြည်သူ့ အစိုးရမျိုး ပေါ်ပေါက်မှသာလျှင် ဆုတောင်းပြည့်မှာပါ။

No comments: