Saturday, March 20, 2010

ဆရာကြီးခေါ်လို့  ဈေးတင်ထားလိုက်တယ်



ကျနော်အချိန်ကာလကိုအတိကျမပြောနိုင်တော့ပေမဲ့မှန်းဆမိသလောက်တွက်ဆကြည့်
လျှင် ဒုတိယကမ္ဘာစစ်ကြီးပြီးသွားသည့်နောက်ပိုင်း အမေရိကန်နှင့် ဆိုဗီယက်နိုင်ငံတို့ရမယ်ရှာ၍စစ်ပြုကြရန်အကြောင်းရှာနေကြသော စစ်အေးကာလ 1955-60 ၀န်းကျင်လောက်က ဖြစ်ပေလိမ့်မည်။
ရုရှားခေါ်ဆိုဗီင်္ယက်ကတင်းတင်းကျပ်ကျပ်ကွန်မြူနစ်စနစ်ဖြင့်ပြည်သူပြည်သားအားလုံးကိုအကြောက်တရားအောက်တွင် ပြားပြား
ဝပ်နေကြလေအောင်တင်းကြပ်စွာအုပ်ချုပ်
ထားသောအာဏာရှင်စတာလင်ရဲ့အာဏာစက်ကထွန်းလင်းတောက်ပလွန်းသောကာလ
အချိန်ခါဟု ဆိုရပေမည်။
မည်သို့ပင် အုပ်ချုပ်ထားစေကာမူ အချို့သောရုရှားပြည်သူများသည် သူတို့၏ မြတ်နိုးတန်ဖိုးထားသည့် နေစဉ်ယုံကြည်မှု ဓလေ့များကို ဆုပ်ကိုင်ထားကြလေသည်။
၎င်းတို့ တန်ဖိုးထားကြလေသော ယုံကြည်မှု ဓလေ့များထဲတွင် မိမိနေထိုင်ကြသည့် အိမ်၌ကြက်တူရွေးငှက်များကိုအလှမွေးမြူတတ်ကြသောဓလေ့တခုအဓိကပါဝင်
ပါသည်။
သို့ဖြင့်၍ မိမိတို့  ကြိုက်နှစ်သက်သောကြက်တူရွေးကိုမွေးကြရန် အနီးနားတွင်ရှိ သောဈေးထဲ၌ သွားရောက်ဝယ်ယူလေ့ရှိကြသည်။
တနေ့၌မောင်နှံစုံတွဲတတွဲသည်မိမိတို့နှစ်သက်သောကြက်တူရွေးတကောင်မွေးမြူကြရန် ကြက်တူရွေးငှက်များရောင်းချသည့်ဆိုင်ရှိရာဈေးသို့ သွားလေသည်။
ကြက်တူရွေးဆိုင်သို့ရောက်ကြသောအခါဆိုင်ထဲတွင်အခြားတရိစ္ဆာန်များနှင့်အရွယ်စားမတူညီသော ကြက်တူရွေးသုံးကောင်သာရှိလေသည်။
ကြက်တူရွေးအရွယ်စားများမှာအသေးငယ်၊အလတ်စားရွယ်နှင့်အတော်ပင်ကြီးရင့်နေ
သောအကောင်ကြီးတို့ဖြစ်ကြသည်။
ထိုအခါကြက်တူရွေးဝယ်ယူရန်ရှိသောမောင်နှံကမိမိတို့တွင်ပါလာသောငွေအင်းအားနှင့််ချိန်ဆ၍ အငယ်ဆုံးသောအကောင်အားလက်ညိုးထိုးပြီး ဆိုင်ရှင်ကို ‘‘ဒီအကောင်ငယ်လေးက ဘယ်လောက်လဲ‘‘ဲ ဟုမေးလေသည်၊ ဆိုင်ရှင်က ‘‘ဒေါ်လာတရာ‘‘ ဟုပြောသည်။ထိုအခါဝယ်သူက‘‘ဘာဖြစ်လို့ ဒေါ်လာတရာတန်ရသလဲ‘‘ မေးသောအခါ ‘‘သူက တစ်ဘာသာပြောတတ်တယ်‘‘် ဟုဆိုင်ရှင်ကပြန်ဖြေလေသည်။ ဒါဆိုရင် ‘‘ဟိုအလတ်စားရွယ်အကောင်ကရော‘‘ ဟု ၀ယ်သူမောင်နှံကမေးပြန်သည်၊ ‘‘ ဒေါ်လာ ၂၀၀ ၊ နှစ်ဘာသာပြောတတ်တယ်‘‘ ဟု ရောင်းသူကဖြေသည်၊ ‘‘ဒါဆိုရင် ဟိုအကြီးဆုံးကောင်ကြီးကရောဘယ်လောက်လဲ‘‘ ၀ယ်သူမောင်နှံကထပ်မေးလေသည်။ ဆိုင်ရှင်ကခတ်တိုတိုတုပ်တုပ်ဖြင့် ဒေါ်လာသုံးရာ ဟု ပြောသည်၊ ၀ယ်သူမောင်နှံကဆိုင်ရှင်အား ‘အို ….. အဲဒီကောင်ကြီးက ဒေါ်လာသုံးရာကြီးများတောင် သူက စကားဘယ်နှစ်မျိုးတတ်သလဲ‘‘ မေးသောအခါ ဆိုင်ရှင်သည်ခေါင်းကုတ်၍ လေသံလေးတွဲတွဲဖြင့်ဖြေလိုက်သည်မှာ
‘‘သူဘာသာဘယ်နှစ်မျိုးပြောတတ်တာမတတ်တာတော့ကျနော်မသိဘူး၊ သူပြောတာကိုလဲကျနော်တခါမှမကြားမိဘူး၊ဒါပေမဲ့ဟိုဘာသာစကားတစ်မျိုးနဲ့ နှစ်မျိုးပြောတတ်ကြတဲ့အကောင်တွေက မိုးလင်းကနေ မိုးချုပ် ဒီအကြီးဆုံးကောင်ကြီးကို ဆရာကြီး ဆရာကြီးလို့ခေါ်နေကြတော့ ကျနော်လဲ ဒေါ်လာသုံးရာ ဈေးတင်ထားလိုက်တယ်။‘‘


မှတ်ချက်
စာဖတ်သူများ ကျနော်တို့ မြန်မာပြည်မှ ဗိုလ်သန်းရွှေ တို့ အဖွဲ့ကို ယှင်ထိုးစဉ်းစားကြည့်နိုင်ပါသသည်

လူသွပ်လူရိုင်း၊ လူ့ရုန့်ထိုင်းတို့၊ ရိုင်းရိုင်းပင်းပင်း၊ တရားသွင်းလည်း၊ ဘူးနားပင်းတွင် ရေမ၀င်သို့၊ နားပြင်မကြား၊ အလွတ်သွား၍၊ ကျွဲပါးစောင်းတီး” စသဖြင့် မန်လည်ဆရာတော်သည် မဃဒေ၀လင်္ကာသစ်တွင် ရေးသားခဲ့သည
ဝသုန်မြေ တင်ပြသည်

No comments: