Thursday, April 29, 2010

THE MOST RESPECTED WRITER, EDITATOR PASSES AWAY IN LIBRATED AREA


မောင်မောင်ငြိမ်း - ရိုးမ (၃) သတင်းဌာန အယ်ဒီတာချူပ် ငြိမ်းလူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော် တပ်ရင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ ကဗျာဆရာ မောင်ငြိမ်းလူ (ဟယ်လ်ပင်)။
ကျွန်တော် တော်လှန်ရေးဒေသကို သွားပြီး တော်လှန်ရေးလုပ်ရင်း ဘ၀ကို အထိုင်ချတော့မယ်ဗျာလို့  ပြောရင်း ထွက်ခွာသွားခဲ့တဲ့ ကိုငြိမ်း။

အတူနေစဉ်တုန်းက ၀ါသနာကြီးမားစွာနဲ့  ခံစားမှုအပြည့်နဲ့  ရေးစပ်ဖွဲ့ သီခဲ့တဲ့ ကဗျာလေးတွေကို အမြတ်တနိုး စုဆည်းထားတဲ့ သူရဲ့  လက်ရေးလှလှနဲ့  ကဗျာစာအုပ်ကို ထုတ်ပြပြီး ပေးဖတ်ကာ ပြန်လည်သုံးသပ်ပြရင်ဘဲ ပီတိဖြစ်ကြည်နူးနေခဲ့တဲ့ ကိုငြိမ်း။

တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ရင်း အာဏာရူးတွေရဲ့  မတရားအုပ်ချူပ်မှုကို သိမြင်လို့  အမှန်တရားအတွက် ဆန့် ကျင်ခဲ့တဲ့ ကိုငြိမ်း။ နိုင်ငံရပ်ခြားကို ထွက်ခဲ့ပြီးနောက်မှာလည်း တပ်မတော်သားတွေရဲ့  ဘ၀အကြောင်း၊ အာဏာရူးတွေရဲ့  မတရားမှုတွေအကြောင်း ပြောပြတတ်တဲ့ ကိုငြိမ်း။

စကားပြောရင် အားပါးတရနဲ့  ခင်မင်ရင်းနှီးဖွယ်ကောင်းပြီး ဖြူစင်ပွင့်လင်း ရိုးသားတဲ့ ကိုငြိမ်း။

ကိုငြိမ်းမှန်း မသိတဲ့ နစ်နေမန်း၊ နစ်နေမန်းမှန်း မသိတဲ့ ကိုငြိမ်း၊ တော်လှန်ရေးဘ၀ခရီးလမ်းကို လျှောက်နေကြရင်းနဲ့ နီးရက်နဲ့  ဝေးနေကြတယ်။ ဝေးနေရာကနေ သိရတဲ့အချိန်မှာတော့ ကိုငြိမ်း ဆုံးပါးသွားပြီဆိုတဲ့ သတင်းဖတ်ရမှ သိရတော့တယ်။

ကိုငြိမ်းဟာ အပြောနဲ့ အညီ လက်တွေ့ လုပ်ပြခဲ့ပါတယ်။ “ကျွန်တော် တော်လှန်ရေးဒေသကို သွားပြီး တော်လှန်ရေးလုပ်ရင်း ဘ၀ကို အထိုင်ချတော့မယ်ဗျာ” လို ဆိုခဲ့တဲ့ စကားအတိုင်း ကိုငြိမ်း လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးလုပ်ရပ်တွေဟာ အပြောနဲ့ ညီအောင် သက်သေ ပြခဲ့ပါတယ်။ ဂုဏ်ယူလေးစားပါတယ် ကိုငြိမ်း၊ ဦးညွှတ်အပ်ပါတယ် ကိုငြိမ်း။

ကိုငြိမ်း ကွယ်လွန်သွားတာ ပြည်သူ့ တပ်မတော်သားကောင်း တစ်ယောက်၊ တော်လှန်ရေးသမားကောင်း တစ်ယောက်၊ စာပေအနုပညာသမား တစ်ယောက်၊ သတင်းသမားကောင်း တစ်ယောက် ဆုံးရှုံးရတာအပြင် ရင်းနှီးခင်မင်သူ တစ်ယောက် ဆုံးရှုံးရတာအတွက်ပါ အထူးကြေကွဲဝမ်းနည်းရပါကြောင်း ဤနေရာကနေ ပြောကြားလိုက်ပါတယ်။

No comments: