Friday, April 23, 2010

UNMASKING BURMA 'S TYRANT_refrm_ynf t_uGif;rJhtm%m&Sifoef;a&GSudk rsufESmzHk;cGm-unfh_cif;


သန်းရွှေရဲ့  ဘ၀အကြောင်းကို ရေးသားထားတဲ့ “Than Shwe: Unmasking Burma's Tyrant “ စာအုပ်ကို လာမယ့် မေလမှာ ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ - သန်းရွှေရဲ့  ညူကလီးယား အစီအစဉ်လုပ်ဆောင်မှုတွေ၊ ဓါတုလက်နက်အစီအစဉ်လုပ်ဆောင်မှုတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရေး လုပ်ဆောင်မှုတွေမှာ သန်းရွှေ ပယောဂတွေ ထိပ်ဆုံးက ပါဝင်ပတ်သက်နေကြောင်းတွေ ဖေါ်ပြထားတယ်လို့  သိရှိရပါတယ်။

ဒီစာအုပ်မှာ သန်းရွှေရဲ့  အကျင့်စရိုက်တွေကိုလည်း ဖေါ်ပြထားကြောင်းနဲ့  သန်းရွှေလို အာဏာရူးတိုင်းဟာ သူရဲ့  အာဏာတည်မြဲဖို့ အတွက် မည်သူ့ ကိုမှ အလျှော့ပေး လိုက်လျောညှိနှိုင်းတာတွေကို လုပ်မှာ မဟုတ်ကြောင်း သုံးသပ်ပြထားပါတယ်။ ဒီအချက်ကို သိစေဖို့ အတွက် နအဖတွေဘက်ကများ လိုက်လျောညှိနှိုင်းမှုတွေ နိုင်ငံရေးအရ မျှော်လင့်ချက်တွေ ရနိုင်မလားဆိုပြီး နအဖနဲ့  တွဲဘက်ဆောင်ရွက်ရန် ခြေလှမ်းလှမ်းနေကြသူကို သတိပေးတဲ့အနေနဲ့  ဒီစာအုပ်ဖတ်ဖို့ သင့်ကြောင်းလည်း သိရှိရပါတယ်။

ဒီစာအုပ် ရေးသားသူကတော့ Benedict Rogers ဖြစ်ပြီး၊ ချက်နိုင်ငံသမတဟောင်း Vaclav Havel ၊ Burma in Revolt စာအုပ်ရေးသားသူ Bertil Lintner ၊ Daughter and Karen political activist from Burma စာအုပ်ရေးသားသူ ဇိုရာဖန်းတို့ ကနေ သုံးသပ်ထားပါတယ်။

နအဖ အာဏာရူး သန်းရွှေတို့ များ နောင်တမရသေးဘဲ ဆွေစဉ်မျိုးဆက် နာမည်သေနေတာကို ဂုဏ်ယူနေတုန်းပါဘဲ။

No comments: